။ သည်နေ့ ဆင်ခြင်မိသည့် တရားများ ။

။ တောင့်တမှုဆိုတာတစ်ထပ်တည်းမဖြစ်နိုင်ပါဘူး။ ။ ကြောင့်ကြမှုဆိုတာလည်းလွယ်လွယ်နဲ့ မငြိမ်းနိုင်ပါဘူး။ ။ လိုချင်မှုဆိုတာလည်းတစ်ထပ်တစ်သားတည်းဖြစ်ဖို့မလွယ်ကူပါဘူး။ ။ တောင့်တမှုများလာရင်လူဟာ ကြောင့်ကြမှုတွေများလာမှာပါပဲ။ပူမှုတွေ များလာမှာပါပဲ။ ။ အဆုံးမသတ်နိုင်တဲ့ဘဝကိုကြောက်စရာပါဆိုတာကိုမသိနိုင်လေသမျှမိုက်နေကြဦးမှာပါပဲ။ ။ ဘဝကိုတောင်းတမိရင်တောင်းတတဲ့အတိုင်းတောင်းတလို့ကုန်နိုင်မှာမဟုတ်ပါဘူး။ ။ ဘဝကြောင့်တပ်မက်မှုတဏှာများခဲ့ရင်တဏှာစေရာအတိုင်းပါပဲ။ ။ တဏှာရဲ့တောင့်တချက်ကိုမကျေနပ်နိုင်ရင်မကျေနပ်တဲ့အတိုင်းလိုခံစားရမှာပါပဲ။ ။ တဏှာကမိမိကိုခြယ်လှယ်နေသလောက်စိတ်မကုန်သေးရင်စိတ်မကုန်တဲ့အတိုင်းဆင်းရဲနေကြရဦးမှာပါပဲ။ ။ လူဘဝမှာဆာလောင်တာကိုမထိန်းသိမ်းနိုင်ရင်မထိန်းတဲ့အတိုင်းတဏှာဘက်ကိုယိမ်းယိုင်နေမှာပါပဲ။ ။ ရှံစရာအရာကို ( ရွံစရာ)တပ်မက်နေရင်တပ်မက်တဲ့အတိုင်းကိုခံနေရမှာပါပဲ။ ။ အနှစ်သာရရှိတဲ့တရားသားကိုအားကိုးအားထားရင်ကိုယ်စိတ်အေးရမှာပါပဲ။ ။ တရားအသားရင်ထဲခါးရင်တိုးပွားချမ်းသာမှု မဲ့နေမှာပါပဲ။ ။ တရားအဆီမနောကြည်ကိုနားမလည်ရင်သံသရာရှည်ကြာနေဦးမှာပါပဲ။(သည်နေ့တော့ ဤရွေ့ဤမျှသာပါပဲ) တောင်ကလေးဆရာတော်(၂၁.၄.၂၀၂၂) ရက်နေ့ညနေချိန်။)